photo WelcometoMelbourne_zpsca6cd47c.gif

Tuesday 3 December 2013

အသက် (၉၈) နှစ်ရှိနေပြီဖြစ်တဲ့ Mrs Lois Baglin ရဲ့  ဒေါ်အောင်ဆန်းစုကြည်နဲ့  ကြည်ကြည်နူးနူး တွေ့ ဆုံမှု။

အသက် (၉၈) နှစ်ရှိနေပြီဖြစ်တဲ့ Mrs Lois Baglin ရဲ့  ဒေါ်အောင်ဆန်းစုကြည်နဲ့  ကြည်ကြည်နူးနူး တွေ့ ဆုံမှု။

မဲလ်ဘန်းမြို့ မှာ ကျင်းပတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ တက်ရောက်ဖို့ အတွက် ကြိုတင်စာရင်းပေးသွင်းလာကြတဲ့ နေ့ တစ်နေ့  နိုဝင်ဘာလ (၂၉) ရက်နေ့ မှာ မထင်မှတ်တဲ့ မက်ဆေ့ခ်ျတစ်ခု ရောက်ရှိလာခဲ့ပါတယ်။

အဲ့ဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အိမ်နီးချင်းတစ်ဦးဖြစ်သူက တွေ့ ဆုံပွဲကို လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ ချင်လို့ ပါ ဆိုလာပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အင်္ဂလန်နိုင်ငံမှာ နေထိုင်နေစဉ် နေအိမ်ရဲ့  အပေါ်ထပ်မှာ နေထိုင်ခဲ့တဲ့သူ တစ်ဦးပါတဲ့။ သြစတြေးလျနိုင်ငံမှာ ပြောင်းရွှေ့  နေထိုင်နေပြီး ယခုအခါ မဲလ်ဘန်းမြို့ ကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာမယ်လို့  သိရတဲ့အတွက် အင်မတန် စိတ်လှုပ်ရှား အားရ၀မ်းသာဖြစ်ပြီး တွေ့ ချင်လွန်းလို့  ဆက်သွယ်လာတာပါ။

ဒီသတင်းဟာ ဒေါ်အောင်ဆန်းစုကြည်ထံ ရောက်ရှိခဲ့ပြီး ဘယ်သူဘယ်ဝါဆိုတာ ဒေါ်အောင်ဆန်းစုကြည်ထံမှ ပြန်လည် မေးမြန်းလာလို့  ပြန်လည်ဆက်သွယ်လိုက်တဲ့အခါမှာတော့ အသက် (၉၈) နှစ်အရွယ် Mrs Lois Baglin ဖြစ်ပါတယ်။

တွေ့ ဆုံပွဲနေ့ မှာ အိမ်နီးချင်းဖြစ်ခဲ့ကြသူနှစ်ဦး နှစ်ပေါင်းမြောက်မြားစွာ ကွဲကွာနေရာကနေ သြစတြေးလျနိုင်ငံ မဲလ်ဘန်းမြို့ မှာ ပြန်လည်ဆုံတွေ့ မှုကို မြင်တွေ့ ရတာ ရင်ထဲမှာ များစွာကြည်နူးပီတိဖြစ်ရပါတော့တယ်။ Mrs Lois Baglin အနေနဲ့  အင်မတန်ပျော်ရွှင်ကြည်နူးမိမှာ အမှန်ဘဲဆိုတာ ဓါတ်ပုံတွေက သက်သေပြနေပါတယ်။

Mrs Lois Baglin နဲ့  ဒေါ်အောင်ဆန်းစုကြည် တွေ့ ဆုံခွင့်ရရှိအောင် စီစဉ်ပေးကြသူတွေ ဖြစ်တဲ့ အန်တီ ပက်ထရစ်ရှာ၊ ကိုမျိုးအေး၊ မဇွန်ဇွန်၊ မမီးမီးနဲ့  ဓါတ်ပုံရိုက်ကူးခဲ့တဲ့ ကိုမောင်မောင်အေးတို့ ကို ကျေးဇူးတင်ရှိပါတယ်။

Wednesday 27 November 2013

မဲလ်ဘန်းမြို့ မှာ ရောင်စုံလှပပြီး ကျက်သရေရှိလှတဲ့ ဒီလို တီရှပ်အင်္ကျီလေးတွေ ၀တ်ဆင်ကြမယ်။

မဲလ်ဘန်းမြို့ မှာ ရောင်စုံလှပပြီး ကျက်သရေရှိလှတဲ့ ဒီလို တီရှပ်အင်္ကျီလေးတွေ ၀တ်ဆင်ကြမယ်။

ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့  Opera House)။

ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့  Opera House)။

Tuesday 26 November 2013

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့  Opera House မှာ ဒေါ်အောင်ဆန်းစုကြည် ယနေ့  ပြောကြားမယ့် အစီအစဉ်ကို တိုက်ရိုက်ကြည့်ရှူနိုင်ပါသည်။

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့  Opera House မှာ ဒေါ်အောင်ဆန်းစုကြည် ယနေ့  ပြောကြားမယ့် အစီအစဉ်ကို တိုက်ရိုက်ကြည့်ရှူနိုင်ပါသည်။

http://www.youtube.com/watch?v=Hrr79diHyFc&feature=share

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သြစတြေလျနိုင်ငံသို့  လာရောက်ရန် ယနေ့  စတင်ထွက်ခွာလာပါပြီ။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သြစတြေလျနိုင်ငံသို့  လာရောက်ရန် ယနေ့  စတင်ထွက်ခွာလာပါပြီ။

သြစတြေးလျနိုင်ငံ ကင်ဘာရာမြို့ ၊ ဆစ်ဒနီမြို့ နဲ့  မဲလ်ဘန်းမြို့ မှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုစောင့်မျှော်လျက် ရှိပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျနိုင်ငံသို့  လာရောက်ရန် ယနေ့  စတင်ထွက်ခွာလာပါပြီ။

ကြိုတင်စာရင်းပေးသွင်းမှုအား နိုဝင်ဘာလ (၂၉) ရက်နေ့ ထိတိုင် ဆက်လက်ဖွင့်လှစ်ထားရှိပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

မကြာခင် ရောက်ရှိတော့မည့် ဒီဇင်ဘာလ (၁) ရက်နေ့  တနင်္ဂနွေနေ့ တွင် ကျင်းပမည့် “လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ” သို့  မဲလ်ဘန်းမြို့ နေ မြန်မာမိသားစုများ၊ တိုင်းရင်းသားပြည်သူပြည်သားများ ပိုမိုတက်ရောက်နိုင်ရေးအတွက် တက်ရောက်ရန် ကြိုတင်စာရင်းပေးသွင်းမှုအား နိုဝင်ဘာလ (၂၉) ရက်နေ့ ထိတိုင် ဆက်လက်ဖွင့်လှစ်ထားရှိပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

“လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ အခမ်းအနား ကျင်းပရေး စီစဉ်မှုကော်မီတီ - မဲလ်ဘန်းမြို့ ”။